ပြုပြင်မလား၊ အစားထိုးမလား
ကျွန်ုပ်၏အိမ်ပြတင်းပေါက် တံစက်မြိတ်ကို ပြင်ရန် အချိန်တန်ပြီ။ ထို့ကြောင့် သစ်သားကို ခြစ်ထုတ်၊ ကော်ပတ်စားပြီး သစ်အစားထိုးပစ္စည်းဖြင့် ဖြည့်လိုက်ပြီးနောက် ဆေးသုတ်ရန် အသင့်ဖြစ်ပြီ။ ဈေးကြီးသည့် အိမ်သုတ်ဆေးအကောင်းစားဖြင့် ဆေးသုတ်ပြီးနောက် ကျွန်ုပ်ကြိုးစားပမ်းစားလုပ်ဆောင်လေသမျှ တံစက်မြိတ်က အတော်ကြည့်ကောင်းပြီး လှပသော်လည်း အသစ်ပုံ မပေါ်ပါ။ အသစ်ပုံပေါ်အောင် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းကို လဲပစ်ပြီး အသစ်နှင့် အစားထိုးရန်ပင် ဖြစ်သည်။
ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေသည့် တံစက်မြိတ်
က ကျွန်ုပ်အမြင်၌ ကြည့်ကောင်းသည်။ အဆင်ပြေသည်။ သို့သော် အပြစ်ကြောင့် ပျက်စီးနေသော စိတ်နှလုံးနှင့် စပ်လျဉ်း၍ ပြုပြင်လိုက်ရုံနှင့် မလုံလောက်ပါ။ ဘုရားသခင်၏ အမြင်ဖြင့် ကြည့်လျှင် အားလုံးအသစ် ဖြစ်စေရမည်(၂ ကော ၅း၁၇)။
၎င်းသည် သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ရရှိသည့် ကယ်တင်ခြင်း အလှပင် ဖြစ်သည်။ ကျွန်ုပ်တို့အပြစ်အတွက် ကိုယ်တော်သည် ယဇ်ကောင်အဖြစ်…
ဆင်းရဲသားအမှုကို ဆင်ခြင်ခြင်း
၁၇၈၀ ခုနှစ်က ဖြစ်သည်။ လန်ဒန်အနီးတ၀ိုက်ရှိ ဆင်းရဲသော ၊ စာမတတ်သော ကလေးများအတွက် ရောဘတ် ရိုက်စ် ၀န်တာဖြစ်မိသည်။ ထိုကလေးများကို ကူညီရန် ဘာမှ မဆောင်ရွက်ကြသည်ကို သူသတိထားမိပြီး ခြားနားပြောင်းလဲမှုတစ်ခုကို သူစတင်ပြုလုပ်ခဲ့သည်။
တနင်္ဂနွေနေ့တွင် သင်ကြားပို့ချပေးမည့် ကျောင်းများ ကို ဖွဲ့စည်းရန် အမျိုးသမီးအချို့ကို သူငှားရမ်းခဲ့သည်။ သမ္မာကျမ်းစာကို ပြဋ္ဌာန်းစာအုပ်အဖြစ် သတ်မှတ်ပြီး လန်ဒန်မြို့မှ အဆင်းရဲဆုံးကလေးများအား ဆရာမများက စာဖတ်ရန်နှင့် သမ္မာကျမ်းစာမှပညာများကို သင်ကြားပေး သည်။ မကြာမီ ကလေးအယောက် ၁၀၀ ခန့် အတန်းတက်ပြီး လုံခြုံသန့်ရှင်းသော ပတ်ဝန်းကျင်တွင် နေ့လယ်စာကို ပျော်ရွှင်စွာ စားသုံးကြသည်။ ထိုကျောင်းသည် ဥပုသ်စာဖြေကျောင်း (Sunday Schools) ဟု အမည်တွင်ခဲ့ပြီး တစ်ဖြည်းဖြည်းနှင့် ကလေးသူငယ် ယောက်ျားလေး မိန်းကလေး ထောင်ပေါင်းများစွာ၏အသက်တာကို တို့ထိခဲ့သည်။ ၁၈၃၁ ခုနှစ်တွင် အင်္ဂလန်ရှိ…
အပြောနှင့်အလုပ်
ကျွန်တော်ပို့ချသည့် စာအရေးအသား ဘာသာရပ်ကို သင်ယူနေသည့် ကျောင်းသား တစ်ဦး ပို့လိုက်သည့် အီးမေးလ်စာက အလျင်လိုနေကြောင်း ဖော်ပြနေသည်။ ပညာသင်နှစ် တစ်ဝက် ပြီးဆုံးတော့မည်ဖြစ်ပြီး ထိုကျောင်းသားသည် အဆင့်ကောင်းကောင်းရရန် အားကစားတွင် ပါဝင်ရမည် ဖြစ်သည်။ သူဘယ်လို လုပ်မည်နည်း။ ကျွန်တော့် သင်ခန်းစာ အချို့ကိုလည်း သူ လွတ်ထားသည်။ မပြီးပြတ်သေးသော ထိုစာကြွေးများကို (၂) ရက်နှင့် အပြီးလုပ်ကာ အဆင့် ကောင်းအောင် လုပ်ရန် အခွင့်အရေးပေးလိုက်သည်။ သူက `ကျေးဇူးပါ ဆရာ၊ ကျွန်တော်လုပ်ပါမယ်´ ဟု စာပြန်ခဲ့သည်။ သတ်မှတ်ထားသော အချိန်(၂)ရက် ကျော်လွန်သွားလည်း ဘာစာမှ မရောက်လာပါ။ သူ့အပြောနှင့် အလုပ်မညီခဲ့ပါ။
သခင်ယေရှုလည်း အထက်ပါ ဥပမာနှင့်ဆင်တူသော လူငယ်တစ်ယောက် အကြောင်းကို ပြောပြခဲ့သည်။ စပျစ်ခြံထဲတွင် အလုပ်လုပ်ရန် အဖေက သားကို မှာကြားရာ သားကလည်း `ဟုတ်ကဲ့ပါ၊…
အမှန်တရားကို စိစစ်အတည်ပြုပါ။
‘‘အန္တရာယ်ရှိသည့် တောပင့်ကူကြီး အမေရိကန်နိုင်ငံသို့ ရောက်လာပြီး လူများကို
သတ်ဖြတ်နေသည်။’’ ဤသတင်းက ကျွန်တော်နှင့် ကျွန်တော်မိတ်ဆွေများထံသို့
အီးမေးလ်မှ တစ်ဆင့် ရောက်လာသည်။ ထိုအကြောင်းအရာတွင် သိပံ္ပအခေါ်အဝေါ်
စကားလုံးများ၊ တကယ့်အဖြစ်အပျက် အခြေအနေများပါရှိနေ၍ ဖြစ်နိုင်ချေရှိသည်။
သို့သော် စိတ်ချရသည့် အင်တာနက် စာမျက်နှာ၌ ရှာဖွေ
စစ်ဆေးလိုက်သောအခါ ၎င်းသည် အမှန်မဟုတ်ဘဲ
အင်တာနက်လှည့်ကွက်သာ ဖြစ်သည်။ စိတ်ချယုံကြည်
ရသည့် အရင်းအမြစ်နှင့် တိုက်ဆိုင်စစ်ဆေးကြည့်ခြင်းဖြင့်
သာလျှင် မှန်မမှန်ကို အတည်ပြုနိုင်သည်။
မာကေဒေါနိပြည်မှ ပထမရာစုနှစ် ရှေးဦးယုံကြည်သူ
တစ်စုတို့သည်လည်း သူတို့ကြားရသည့်အရာများ မှန်မမှန်ကို
အတည်ပြုရန် အရေးကြီးကြောင်း သဘောပေါက်ကြသည်။
ဗေရိမြို့သားတို့သည် ‘‘... အလွန်ကြည်ညိုသော စေတနာ
စိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်
ကို သိခြင်းငှာ ကျမ်းစာကို နေ့တိုင်း စေ့စေ့ကြည့်ရှုကြ၏’’ (တ ၁၇း၁၁)။…
ကျွန်ုပ်တို့ပြုသောအရာ
ဒုတိယကမ္ဘာစစ်အတွင်းက ကျွန်တော့်အဖေသည် ဒုဗိုလ်အဖြစ် အာဖရိကမြောက်ပိုင်း
တောင်ကုန်းအမှတ် ၁၀၆ ကို သူ့ရဲဘော်များနှင့် ဦးဆောင်တိုက်ခိုက်နေစဉ် သူ့ခြေသလုံး၌
ကျည်ဆံမှန်ပြီး ပြင်းထန်စွာဒဏ်ရာရခဲ့သည်။ ထိုသို့ဖြစ်ပြီး နှစ်များစွာ ကြာပြီးနောက်မှ
ကျွန်တော်မွေးဖွားခဲ့ပြီး ထိုငယ်စဉ်ကာလများမှပင် အဖေ
ဒဏ်ရာရဖူးကြောင်း ကျွန်တော်မသိခဲ့ပါ။ နောက်ပိုင်း
သူများပြောမှ ကျွန်တော်သိရသည်။ ခြေသလုံး၌ အမြဲလိုလို
နာကျင် ခံစားနေရသော်လည်း ကျွန်တော့်အဖေက စိုးစင်းမျှ
မညည်းပါ။ မပြောပါ။ ထို့ကြောင့် မိသားစုကို မကျွေးမွေး
မပြုစုနိုင်ဟုလည်း ဘယ်သောအခါမျှ ဆင်ခြေမပေးခဲ့ပါ။
ကျွန်တော့်မိဘများသည် ကယ်တင်ရှင်ယေရှုကို
ချစ်ပြီး ကျွန်ုပ်တို့ ကိုယ်တော်ကိုချစ်ရန်၊ ယုံကြည်ကိုးစားရန်
အစေခံရန်သွန်သင်လျက် ပျိုးထောင်ခဲ့သည်။ ကောင်းစား
သောကာလ၊ ဆိုးယုတ်သော ကာလတစ်လျှောက်တွင်
ဘုရားသခင်ကို ရိုးရိုးလေး ယုံကြည်လျက်၊ အလုပ်ကြိုးစား
လုပ်ကိုင်လျက် ကောင်းကောင်းဆိုးဆိုး ကျွန်တော်တို့ကို ချစ်မြဲပင်။ သုတ္တံကျမ်း ၄း၁၆
တွင်…
ဆယ်ကျော်သက်လေးတစ်ဦး၏ မျက်ရည်
အလက်စကား ဒေသ၌ ဆင်းရဲနွမ်းပါးသူများအား အာဟာရလှူဒါန်းသည့်နေရာတွင်
ကျွန်တော်၊ ဆယ်ကျော်သက် လူငယ် (၄) ဦးနှင့် အသက် (၂၀) ၀န်းကျင်ရှိ အိမ်ယာမဲ့
လူငယ်တစ်ဦးတို့ အတူတူထိုင်လျက် ထိုလူငယ်က သူ့ယုံကြည်မှု အကြောင်းပြောပြသည်။
ကျွန်တော့်လူငယ်(၄)ဦးက သူ့စကားကို နားထောင်ပြီး ခရစ်တော်ကို ယုံကြည်လက်ခံရန်
နူးညံ့ကြင်နာစွာ ဧ၀ံဂေလိတရားကို ပြောပြခဲ့သည်။ ၀မ်းနည်းစရာမှာ ထိုလူငယ်သည်
ဧ၀ံဂေလိတရားကို အလေးအနက် မစဉ်းစားဘဲ ငြင်းပယ်
ခဲ့သည်။ ဤတွင် ဆယ်ကျော်သက်လေးများ၏ လူငယ်အပေါ်
ထားရှိသည့် အကြင်နာမေတ္တာကို ကျွန်တော်ခံစားခဲ့ရသည်။
ကျွန်တော်တို့ ထိုဒေသမှ ပြန်ထွက်လာချိန်တွင်
လူငယ်များထဲမှ ဂရေ့စ် ဆိုသည့် မိန်းကလေးက
ခရစ်တော်ကို မသိဘဲ ထိုလူ မသေသွားပါစေနှင့်ဟု မျက်ရည်
ကျလျက် ပြောသည်။ ကယ်တင်ရှင်၏မေတ္တာကို ငြင်းပယ်
လိုက်သည့် ထိုလူငယ်လေးအတွက် သူမ ရင်၌ ၀မ်းနည်း…
ကုရု စာလိပ်
၁၈၇၉ ခုနှစ်တွင်ရှေးဟောင်း သုတေသန ပညာရှင်များသည် အီရတ် (ဗာဗုလုန်) နိုင်ငံ၌
ထူးထူးခြားခြား ၉ လက်မ အရှည်ရှိ ကုရုစာလိပ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို
စာလိပ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ပေရသိပြည် (ပါးရှား)၏ရှင်ဘုရင် ကုရုမင်း
လုပ်ဆောင်ခဲ့သည့်အရာများကို မှတ်တမ်းတင်ထားသည်။ ထိုမင်းသည် လူတစ်စုအား
သူတို့၏နေရပ်သို့ ပြန်ခွင့်ပြုခဲ့ပြီး၊ ‘‘သန့်ရှင်းသောမြို့များ’’ ကို
ပြန်တည်ဆောက်ရန် ခွင့်ပြုခဲ့သည်ဟု ပါရှိ၏။
၎င်းသည် ဧဇရမှတ်စာ ၁ ၌ ပါရှိသော အဖြစ်အပျက်
အတိုင်းဖြစ်သည်။ အမိန့်တော်စာကို ထုတ်ပြန်ရန် “ထာဝရ
ဘုရားသည် ပေရသိရှင်ဘုရင် ကုရုအား နှိုးဆော်’’ ခဲ့ပြီး(း၁)၊
ထိုအမိန့်တော်၌ ဗာဗုလုန်ရှိ သုံ့ပန်းများကို ယေရုရှလင်သို့
ပြန်ပြီး နေအိမ်ပြန်ဆောက်ရန်၊ ဗိမာန်တော်ကို ပြန်တည်
ဆောက်ရန် ကုရုမင်း လွှတ်ပေးခဲ့သည်ဟု ပြောထားသည်။…
ရပ်နေရမလား၊ ဆက်သွားရမလား
ဣသရေလလူတို့ ချောင်ပိတ်မိနေပြီ။ ကျွန်ခံနေရာဘ၀၊ အဲဂုတ္တုပြည်ကို ချန်ရစ်စွန့်ခွာပြီး မကြာမီမှာပင် စိတ်ပျက်စရာမြင်ကွင်းကို တွေ့ခဲ့ရသည်။ သူတို့ဆီသို့ ဦးတည်လာနေသည့် ဖုန်လုံး ကြီးကား အင်အားကြီးစစ်တပ်တစ်တပ် ချီလာနေခြင်းပါ။ ဖာရောဘုရင်၏နှလုံးမာကျောသော “ရောဂါကြီး” ပြန်ထလာပြီး (ထွ ၁၄း၈) မောရှေနှင့် လူမျိုးတော်နောက်သို့ သူ့မြင်းရထားများ စေလွတ်ခဲ့သည်။
ဣသရေလလူတို့ကို အဲဂုတ္တုတပ်ကြီး လိုက်၍မီလျှင် အရာခပ်သိမ်း ဆုံးရှုံးတော့မည်။ အဲဂုတ္တုတပ်နှင့် ပင်လယ်ကြား ဣသရေလလူတို့ ချောင်ပိတ်နေပြီ။ သည်းခြေပျက်လျက် မောရှေ နှင့် ဘုရားသခင်တို့ထံ အော်ဟစ်အကူအညီတောင်းလေ၏။
ဘုရားသခင်နှင့် မောရှေတို့နှစ်ဦးလုံး ညွှန်ကြားချက်ပေးပြီး တုံ့ပြန်ခဲ့သည်။ မောရှေက “ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသခင်သည် ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှု ကြလော့”ဟု ပြောသည် (ထွ ၁၄း၁၃)။ ဘုရားသခင်က “တက်သွားကြ”လော့ဟု သူတို့ကို မိန့်ကြား ခဲ့သည် (း၁၅)။ ဆန့်ကျင်ဖက်ဟုထင်ရလည်း မိန့်ကြားချက်နှစ်ခုစလုံးက ဘုရားသခင်ထံမှလာပြီး…
ဘုရားသခင်၏အချိန်
ဂျမေးကားနိုင်ငံ တောင်ဘက်ကမ်းခြေတွင် တည်ရှိသော ဘုရားကျောင်းကို သင်းအုပ်ဆရာ Audley Black သည် ၂၀၀၅ ခုနှစ်ကတည်းက ပြင်ဆင်တည်ဆောက်ခဲ့သည်။ ထိုစဉ်က ကျွန်ုပ် ပထမအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး ဘုရားကျောင်းကို ချဲ့ထွင်တည်ဆောက်ခြင်းဖြစ်ပါသည်။ ၂၀၁၁ နွေဦးအချိန်က နောက်တစ်ကြိမ် ရောက်ရှိခဲ့ပြီး ကျောင်းနံရံတစ်ချို့တစ်ဝက် တည်ဆောက်ပြီး ကြောင်း တွေ့ရသည်။ ထိုနွေကာလအတွင်း အမိုးမိုးသည်။ နောက်တစ်ကြိမ် ကျွန်ုပ်ထပ်လာဖြစ် မည်ဟု ခန့်မှန်းထားသည့် ၂၀၁၃ ခုနှစ်၌ ဘုရားကျောင်း ပြီးကောင်းပြီးမည်ဟု ကျွန်ုပ်ပြောသော အခါ ဆရာ Black က ဖြစ်နိုင်ကြောင်း ပြောခဲ့သည်။
များသောအားဖြင့် ကျွန်ုပ်တို့သည် ထိုသို့စိတ်မရှည်ကြပေ။ အသင်းတော်ကို လျင်မြန်စွာ ကြီးထွားလာစေချင်သည်။ လူငယ်လူရွယ်များအား ချက်ချင်း ရင့်ကျက်လာစေလိုသည်။ ပြဿနာ များကို ယနေ့ပင် ဖြေရှင်းပြီးပြတ်စေချင်သည်။
ကိစ္စအချို့တို့တွင် ဘုရားသခင်၏အချိန်ကို စောင့်ဆိုင်းရန် လိုအပ်ကြောင်း ကျွန်ုပ်တို့…
ကိုယ့်နည်းအတိုင်း သွားမှာလား
မလိုက်ဖက်ဆုံး ပြိုင်ဖက်များကို စဉ်းစားကြည့်ပါ။ အဲလ်ဘတ် အိုင်းစတိုင်းနှင့် ပထမတန်း ကျောင်းသားလေးကို ရွေ့လျားမှုသီအိုရီအကြောင်း စကားနိုင်လုစေခြင်း၊ သိပ္ပံပညာရှင် ဂျော့ ၀ါရှင်တန် ကာဗာနှင့် အလယ်တန်းကျောင်းသားအား ဇီဝဓာတုဗေဒ အင်ဂျင်နီယာပညာရပ်အား ဆွေးနွေးခိုင်းခြင်းမျိုး ဆိုပါစို့။
တစ်ဦးက သူမတူအောင် ထူးချွန်သော ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး အခြားတစ်ယောက်မှာ ဆွေးနွေး ရမည့်အကြောင်းကို အနည်းငယ်မျှသာသိရှိသူ - ထိုကဲ့သို့သောပြိုင်ဖက်များကို တွဲထားခြင်းက မိုက်မဲမှုပင်။ ထိုသဘောအတိုင်းပင် လူသားများအတွက် ဘုရားသခင်၏အကြံအစည်နှင့် ပတ်သက်၍ အငြင်းပွား ပြောဆိုသူ မည်သူမဆိုနှင့် ဘုရားသခင်ဆိုလျှင် မှားယွင်းသောအတွဲ ပြိုင်ဖက်ပင်။ သို့ငြားလည်း လူသား များက တုနှိုင်းဖွယ်မရှိသော ဘုရားသခင်၏ဥာဏ်တော်ကို ကြိုးစားအနက်ဖွင့်ခြင်း၊ သူတို့၏နည်းလမ်းက ဘုရားသခင်၏နည်းလမ်းထက်ပင် ပို၍ကောင်းကြောင်း ပြောဆိုနေခြင်းများကို မကြာခဏဆိုသလိုပင် ကြားနေရသည်။
အကျဉ်းကျနေသူတစ်ဦးက “ဘုရားသခင်ဟာ စစ်မှန်ပြီး အရာအားလုံး၏ဖန်ဆင်းရှင်ဖြစ်တယ် ဆိုတဲ့ အဓိကအချက်ကို ဘ၀မှာ နောက်ဆုံးတော့…